Unicode
ZawGyi
"အမှု့ပြီးပြီ"
အသွေးတော်ကသာ ဖြောင့်မတ်စေခဲ့ပြီ
လွတ်မြောက်ခြင်းတွေ ဝမ်းမြောက်ခြင်းတွေ ယူဆောင်ပေးတယ်
ကောင်းကင်ထက်က စီးဆင်းနေသော
သခင့်ရဲ့ မေတ္တာ ကျွန်ုပ်ဘဝအတွက် အစဉ်လုံလောက်ပြီ
(ဘယ်သူမှ တားဆီးလို့မရ မိုးစက်တွေလို
သခင်ရဲ့  ကျေးဇူးတော်ဟာ အစဉ်ရွာသွန်းပြီ)
အမှု ပြီးပြီ (တိုင်တော်ထက်မှာ)
သခင်ကြွေးကြော် (တိုင်တော်ထက်မှာ)
မာရ်နတ်ရဲ့ တန်ခိုးကိုချိုးဖျက်ပြီ အောင်မြင်သူဟာ အိုယေရှုပါ
အမှု ပြီးပြီ (တိုင်တော်ထက်မှာ)
သခင်ကြွေးကြော် (တိုင်တော်ထက်မှာ)
သေခြင်းရဲ့ တံခါးကို ချိုးဖျက်ပြီး အောင်မြင်ခြင်းနဲ့  ထမြောက်ပြီ
ငါသည်ကျန်းမာသောသူ ချမ်းသာသောသူ ယေရှုအားဖြင့်
ငါသည် လွတ်မြောက်သောသူ ဝမ်းမြောက်သောသူ ယေရှုအားဖြင့်
ငါသည် ထိုက်တန်သောသူ တတ်နိုင်သောသူ ယေရှုအားဖြင့်
UNICODE
No comments:
Post a Comment